လူယုတ်မာ
21-Mar-2017လူနာ - “ ကျွန်မရည်းစားကို လူယုတ်မာလို့ပြောပြီး ခွေးမသားလို့ ကျွန်မဆဲမိပါတယ်”
ဆရာဝန် - “ ဘာလို့ဆဲရတာလဲ”
လူနာ - “ သူနှင့်ချိန်းတွေ့တော့ သူကကျွန်မကိုနမ်းတယ်”
ဆရာဝန် - “ အဲဒါကိုခင်ဗျားကြိုက်လား”
လူနာ - “ ကြိုက်ပါတယ်”
ဆရာဝန် - “ ကြိုက်ရင်ဘာလို့ ဆဲတာလဲ”
လူနာ - “ မပြီးသေးဘူးဆရာ၊ သူကျွန်မအဝတ်တွေကို ချွတ်ပါတယ်”
ဆရာဝန် - “ အဲဒါကိုခင်ဗျားကြိုက်လား”
လူနာ - “ ကြိုက်ပါတယ်”
ဆရာဝန် - “ ကြိုက်ရင်ဘာလို့ ဆဲရမှာလဲ”
လူနာ - “ မပြီးသေးပါဘူးဆရာ၊ သူကကျွန်မကို အဆုံးထိချစ်လိုက်တယ်”
ဆရာဝန် - “ အဲဒါကိုခင်ဗျားကြိုက်လား”
လူနာ - “ ကြိုက်ပါတယ်”
ဆရာဝန် - “ ကြိုက်ရင်ဘာလို့ ဆဲရမှာလဲ”
လူနာ - “ မပြီးသေးဘူးဆရာ၊ ချစ်လည်းပြီးရောသူ့မှာ အေအိုင်ဒီအက်စ်ရှိတယ်လို့ ပြောတယ်”
ဆရာဝန် - “ လူယုတ်မာ၊ ခွေးမသား”
Credit : မာဂျေ ဆေးလောကမှ ဟာသများ